ကျွန်န်ုပ်တို့သည် မောင်ရွှေလေးကျွန်းဆွယ်ရှိ သင့်​၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း ၊ပရောဂျက် အတွက် တစ်ဦးချင်းဖြစ်စေ၊ကုမ္ပဏီများဖြစ်စေ အစမှ အဆုံး အကြံဉာဏ်ပေးနိုင်သော (One Stop service) တခုဖြစ်သည်။

ကျွန်ုပ်တို့အဖွဲ့နှင့် အတူ :

  • သင့်ရဲ့ဆန္ဒကို ကျွန်န်ုပ်တို့ကို ဖွင့်ဟပြီး ပထမဆုံး ခြေလှမ်းကို စတင်လိုက်ပါ။
  • မောင်ရွှေလေးကျွန်းဆွယ်သို့ လူကိုယ်တိုင် လာရောက်ကွင်းဆင်းလေ့လာပြီး ကျွန်းဆွယ်​၏ အလားအလာနေရာများကို ရှာဖွေပါ။
  • သင့်ရဲ့ အိပ်မက်ထဲက စိတ်ကြိုက် အိမ်ခြံမြေပုံစံကို ရွေးချယ်ပြီး အနာဂတ်အတွက် ရင်းနှီးမြှပ်နှံမှုအခွင့်အရေးကိုရအောင်ယူပါ။
  • ယုံကြည်စိတ်ချရတဲ့ ဥပဒေဆိုင်ရာအကြံပေးချက်တွေနဲ့ သင့်ရဲ့မြေယာခိုင်မာမှုရှိအောင် ကျနော်တို့ တာဝန်ယူပါတယ်။
  • ဒေသ၏ ပတ်ဝန်းကျင်နဲ့ ရာသီဥတုကို ကောင်းမွန်စွာနားလည်သော ဗိသုကာဆရာများ၊ ဒီဇိုင်းဖန်တီးသူများနဲ့ ပူးပေါင်းအလုပ်လုပ်ပြီး စိတ်ချမ်းသာမှုကိုရယူပါ။
  • သင့်ဘဝရဲ့ စာမျက်နှာသစ်ကို စိတ်လှုပ်ရှားစရာကောင်းပြီး အကျိုးရှိသည့် ရင်းနှီးမြှုပ်နှံမှု ပရောဂျက်တခုနှင့် စတင်လိုက်ပါ။

ဘာကြောင့် မောင်ရွှေလေးကျွန်းဆွယ် ပင်လယ်ကမ်းခြေ မြေယာစီမံကိန်းကို သင် ရင်းနှီးမြှပ်နှံသင့်တာလဲ????

၂နှစ်ကနေ ၅နှစ်အတွင်း(ရေတိုရင်းနှီးမြှပ်နှံမှု) နှင့်
၇နှစ်ကနေ ၁၀နှစ်အတွင်း (ရေရှည်ရင်းနှီးမြှပ်နှံမှု) တွေကနေ မိမိရဲ့ ရင်းနှီးမြှပ်နှံမှုပေါ်မူတည်၍ အကျိုးအမြတ်မြတ်များများပြန်နိုင်ချေရှိသည်။

မောင်ရွှေလေးကျွန်းဆွယ်၏ မြေယာပိုင်ဆိုင်မှုသည် ခိုင်မာမှုရှိပြီး စိတ်ချရသော ရေတို၊ရေရှည် ရင်းနှီးမြှပ်နှံမှုဖြစ်သည်။

ကမ္ဘာတစ်ဝှမ်းတွင် ပင်လယ်ကမ်းခြေဒေသသို့ ခရီးသွားလာမှုများ များပြားလာသည်။ ထို့အတွက် ခရီးသွားလုပ်ငန်းများ ကြီးထွားလာခြင်းနောက်ဆက်တွဲအနေဖြင့် ပင်လယ်ကမ်းခြေအနီးအနားရှိမြေယာများ ရှားပါးလာသည်။ ထို့အတွက် ဥရောပနှင့် အမေရိကတိုက်တွင် ခရီးသွားများ အတွက် နှစ်သက်ဖွယ်ကောင်းသည့် ကမ်းခြေနှင့်ကပ်ရပ်ရှိသော မြေကွက်များဟာ အိမ်ခြံမြေဈေးကွက်ထဲသို့ဝင်ရောက်လာသည်။

အလားတူအခြေအနေမျိုးဟာ “ဧည့်ဝတ်ကျေပွန်ပြီး ခင်မင်တတ်သူတွေ” လို့ နာမည်ကြီးတဲ့အပြင် တဦးချင်းဆီ အသားတင်ကြွယ်ဝမှု မြင့်မားသည့် အရှေ့တောင်အာရှတွင်လည်း ပေါ်ပေါက်နေပါသည်။ အရှေ့တောင်အာရှရဲ့ ခရီးသွားလာရေး ဖွံဖြိုးရန် အလားအလာမြင့်မားသော သီးသန့်နေရာများတွင် ရင်းနှီးမြှုပ်နှံမှုများ တနေ့တခြားများပြားလာသည်။ မျက်မှောက်ခေတ်တွင် အာရှတိုက်မှ သန်းကြွယ်သူဌေးဦးရေဟာ အခြားဘယ်တိုက်နဲ့ ယှဉ်ယှဉ် ပိုမိုများပြားလာခြင်းကလည်း အဆိုပါ အရှေ့တောင်အာရှရှိ သီးသန့်ကမ်းခြေစီမံကိန်းများကို အရှိန်အဟုန်နှင့် တိုးတက်စေသည်။

ရှေ့ဆောင်လမ်းပြ စီမံကိန်းဖြစ်လာမည့် ကျွန်ုပ်တို့ရဲ့မောင်ရွှေလေးကျွန်းဆွယ်မှ မြေယာ ဈေးနှုန်းများသည် ပုံစံဆင်တူသည့် ထိုင်းနိုင်ငံမှ ကိုစိုမူဝိ ကမ်းခြေ (Ko Samui Beach)၊ အင်ဒိုနီးရှားမှဘာလီ (Bali Beach) ဖိလစ်ပိုင်မှ ဘိုရာကေး ကမ်းခြေ (Boracay Beach) ကဲ့သို့သော နေရာများထက် “ငါးဆမှ ဆယ်ဆ”အထိ စျေးနှုန်းချိုသာပါသည်။

ဤမျှလောက် မပျက်စီးသေးတဲ့ သဘာဝအတိုင်းဖြစ်နေသော မောင်ရွှေလေးကျွန်းဆွယ်ရှိ မြေဈေးနှုန်းများမှာ လောလောဆယ်တွင် မထင်မှတ်ထားလောက်အောင် စျေးနှုန်းချိုသာနေသေးပေမယ့်လည်း နောက်ဆုံးမှာတော့ အခြားအရှေ့တောင်အာရှကမ်းခြေဒေသများ၏ မြေယာဈေးနှုန်းများကို မီရုံတင်မက ကျော်ပါကျော်သွားမည်ဖြစ်သည်။

ကမ်းခြေ အိမ်ခြံမြေ၏ ရင်းနှီးမြုပ်နှံမှုအစုစုတွင် ကွဲပြားခြားနားမှု(ရွေးချယ်ခွင့်) ကိုလည်း ထည့်သွင်းပေးသည်။ အထူးသဖြင့် ငွေကြေးဖောင်းပွမှုကြောင့် ဖြစ်ပေါ်လာသော စီးပွားရေးအရ အလုံးစုံ မသေချာမရေရာမှုတွေ၏ အန္တရာယ်ကို လျှော့ချပေးသည်။

ငွေကြေးတန်ဖိုးသည် ရင်းနှီးမြှပ်နှံမှုမလုပ်ပါက ငွေကြေးဖောင်းပွမှု၏ တဖြည်းဖြည်း တိုက်စားခံရတတ်သည်။ ကမ်းခြေ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုများသည် အဆိုပါ သက်ရောက်မှုများကို အမှန်တကယ် ကာကွယ်နိုင်သည်။

သို့သော် ကျွန်ုပ်တို့၏ သမုဒ္ဒရာမျက်နှာမူထားသည့် ပင်လယ်ကမ်းခြေအိမ်ခြံမြေတွင် ရင်းနှီးမြှုပ်နှံခြင်း၏ အကျိုးကျေးဇူးသည် အထက်ပါ ငွေကြေးဆိုင်ရာ အကြောင်းပြချက်များအတွက် သာမကပဲ အရည်အသွေးရှိသော ဘဝ၊ လွတ်မြောက်သော ဘဝနေထိုင်မှုပုံစံကိုပါ ပိုင်ဆိုင်ခွင့်ရှိမည့်အခွင့်အရေးလည်းရှိသေးသည်။

“သမုဒ္ဒရာပြင်ကို မျက်နှာမူထားတဲ့ သဘာဝကမ်းခြေတွင် နေထိုင်ခြင်းကြောင့် ရမည့် အကျိုးကျေးဇူးများ”

သုတေသနပြုချက်များအရ ပင်လယ်ကမ်းစပ်တွင် နေထိုင်ခြင်းသည် ကျွန်ုပ်တို့၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အပေါ် ကောင်းကျိုးများစွာသက်ရောက်နိုင်ကြောင်း သက်သေပြခဲ့သည်။မျိုးစုံသော သုတေသီများသည် “ကမ်းရိုးတန်းတွင် နေထိုင်ခြင်း၏ အကျိုးကျေးဇူးများ”ကို အထူး အလေးပေးဖော်ပြကြပြီး လတ်ဆတ်သောပင်လယ်လေကို ရှူရှိုက်ခြင်းဖြင့် ကျွန်ုပ်တို့၏ ပစ္စုပ္ပန် စိတ်ခံစားချက်နှင့် အလုံးစုံသော ကျန်းမာရေးအခြေအနေကို မြှင့်တင်ပေးနိုင်ပါသည်။

ထို့အပြင် ကမ်းရိုးတန်းနှင့် ကမ်းခြေတွင် နေထိုင်သူများသည်

  • ရေကူးခြင်းကဲ့သို့သော ကိုယ်လက်လှုပ်ရှားမှုများကို ပုံမှန်လုပ်ဆောင်နိုင်ခြင်း
  • ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း
  • သွေးလည်ပတ်မှုကို ကောင်းမွန်စေခြင်းတို့အပြင်
  • ကမ်းခြေမှာနေရုံဖြင့် လူ့ခန္ဓာကိုယ်က အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်သည့် ပင်လယ်တွင်းထွက်သတ္တုများကို အလိုအလျောက် စုပ်ယူနေမည့် အခွင့်အလမ်းကောင်းကိုလည်း ပေးစွမ်းနိုင်ပါသည်။
  • ပန်းနာရင်ကျပ်ဝေဒနာရှင်တွေအတွက် ရေကူးခြင်းသည် ၎င်းတို့ ကျန်းမာရေးအတွက် အလွန် အကျိုးရှိပါတယ်။

အထူးသဖြင့် အိပ်မပျော်တဲ့သူတွေအတွက် သာယာတဲ့ပင်လယ်ထဲကထွက်တဲ့ သဘာဝ အသံတွေက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ လွယ်ကူတာကို တွေ့ရှိထားပါတယ်။ စည်းချက်ကျတဲ့ ပင်လယ်လှိုင်းသံတွေဟာ ဦးနှောက်ကို ပြေလျော့စေပြီး ဆီရိုတိုနင် (Serotonin)လို ဟော်မုန်းတွေကို ထိန်းညှိပေးပါတယ်။ မောင်ရွှေလေးကျွန်းဆွယ်လို နေရာမျိုးဟာ သာမန် ပင်လယ်နဲ့နီးတဲ့ နေရာတွေမှာရတဲ့ ခံစားမှုသက်သက်ထက် အများကြီးပိုပါတယ်။ ကျွန်ုပ်တို့၏ မြေယာစီမံကိန်းသည် သင့် ကျန်းမာရေးအတွက် ကုထုံးခရီးစဉ်တစ်ခုလုံးကိုဖန်တီးပေးနိုင်သည်။

ကျွန်ုပ်တို့၏ အလုံးစုံသော လူနေမှု သုခချမ်းသာဟူသည် မိမိနေထိုင်ရာ ဒေသ၏ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေး အကြောင်းရင်းများပေါ်တွင်သာ လုံးလုံးလျားလျား မှီခိုနေရသည်မဟုတ်ပဲ ကျွန်ုပ်တို့၏ ကျန်းမာရေးနှင့် တကိုယ်ရည်တိုးတက်အောင်ကြိုးစားမှုအပြင် ကျွန်ုပ်တို့ကိုအနီးအနားဝန်းကျင်က ဝန်းရံထားသည့် ပတ်၀န်းကျင်ကလည်း အဓိကအခန်းကဏ္ဍမှ ပါဝင်သက်ရောက်နိုင်ပါသည်။

မြို့ကြီးပြကြီး များတွင် တကိုယ်ရည်စာ နေရာ ကျဉ်းကျဉ်းကျပ်ကျပ်မှာ နေထိုင်ပြီး မိသားစုများဘဝများကို စတင်ခြင်း၊မိမိရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းကိုရှာဖွေဖြင်း နှင့် မရှိမဖြစ်လိုအပ်သော မြို့ပြ ဝန်ဆောင်မှုများကို ရယူခြင်းသည် အကောင်းဆုံးလူနေမှုနောက်ခံပုံစံဖြစ်စေမည်ဟု လူအများက ရိုးရာအစဉ်အလာအားဖြင့် ယူဆခဲ့ကြသည်။ သို့သော်လည်းမကြာသေးမီက မြို့ပြအသွင်ကူးပြောင်းမှု နှင့် မြို့ကြီးပြကြီးများသို့ လူဦးရေ အများအပြား ပြောင်းရွှေ့နေထိုင်ခြင်းသည် လူနေမှုပုံစံကို ပြောင်းလဲစေရုံသာမက ကျွန်ုပ်တို့၏ စိတ်ပိုင်းဆိုင်ရာ ဖောဋ္ဌဗ္ဗာရုံ (အာရုံခြောက်ပါး) ကိုလည်းတဖြည်းဖြည်း ထိခိုက်လာသည်။နိုင်ငံတိုင်း၏ မြို့ကြီးများတွင် စိမ်းလန်းသောနေရာများရှားပါးလာခြင်း၊ လူစည်ကားသောရပ်ကွက်များပေါများလာခြင်း၊ ဆူညံသံနှင့် လေထုညစ်ညမ်းမှု၊ ဘေးကင်းရေးအတွက် စိုးရိမ်မှုနေရမှုများ စသည့်အချက်များသည် (အထူးသဖြင့်) ကလေးသူငယ်များအတွက် စိတ်ပိုင်းဆိုင်ရာ ကြံ့ခံမှုကို အားနည်းစေကြောင်း ဘုံပြဿနာအနေနှင့်ပေါ်ထွက်လာတော့သည်။

ယခုအခါတွင် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များသည် အိမ်ထဲမှာပဲမနေပဲ အပြင်ထွက်၍ သဘာဝတရားများကြားတွင် အချိန်ပိုပေးပြီး ကျွန်ုပ်တို့၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို မြှင့်တင်ပေးရန်၊ လူ အချင်းချင်း အပြန်အလှန် ဆက်ဆံခြင်းကို မြှင့်တင်ရန် တိုက်တွန်းလျက်ရှိသည်။အဘယ်ကြောင့်ဆိုသော် မြို့ပြလူနေအိမ်များသည် ဝယ်သူများလိုချင်သည့် အိမ်၏အင်္ဂါရပ်များ နှင့် မညီပဲ နေရာများကို အကန့်အသတ်ဖြင့် ကန့်သတ်ထားလေ့ရှိသည်။

မြို့ပြနှင့် ဆန့်ကျင်ဘက်ဖြစ်သော ပင်လယ်ကမ်းစပ်အိမ်ခြံမြေများသည် ဆိတ်ငြိမ်ရုံမက သီးသန့်ဇုန်များတွင် ကျယ်ပြောလှသော လူနေခန်းများကို ပေးဆောင်ကာ မိမိကိုယ်ပိုင်ဘဝနှင့်မိမိ မိသားစုများကို စိတ်ချရသည်၊ သဘာဝ အကာအကွယ်ရှိသည်ဟူသော စိတ်ခံစားချက်ကို ပေးစွမ်းသည်။

ထို့ကြောင့် ကျွန်ုပ်တို့၏ မောင်ရွှေလေးကျွန်းဆွယ်သည် အာရှတိုက်ရှိ ကြီးမားသော မြို့ကြီးများနှင့် ဝေးကွာသည့်သဘာဝနှင့်နီးစပ်ပြီး မျှတသော လူနေထိုင်မှုပုံစံကို ရှာဖွေနေသည့် မိသားစုများအတွက် အကောင်းဆုံးနေရာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါသည်ခင်ဗျာ။