မောင်ရွှေလေးကျွန်းဆွယ်သည် ရခိုင်ပြည်နယ် တောင်ဘက်အခြမ်းတွင် တည်ရှိပါသည်။ ရန်ကုန်မှ အလွယ်တကူသွားလာနိုင်ပြီး ရန်ကုန်လေဆိပ်မှ သံတွဲလေဆိပ်အထိ လေယာဉ်ဖြင့်မိနစ် ၅၀ခန့် သာကြာမြင့်သည်။ သံတွဲလေဆိပ် မှတဆင့် လှေဖြင့်ကူးပါက ၄၅ မိနစ်မျှသာကြာမြင့်မည်ဖြစ်သည်။ ယခုလက်ရှိကာလတွင် သံတွဲလေဆိပ်သည် ခရီးရှည် နိုင်ငံတကာ ခရီးစဉ်များ ( ဥပမာ : ဘန်ကောက်နှင့် စင်္ကာပူ) ကို ပြေးဆွဲနိုင်ရန် တိုးချဲ့ဆောင်ရွယ်လျက်ရှိသည်။

မောင်ရွှေလေးကျွန်းဆွယ်သည် မြန်မာ့သမိုင်းကြောင်းတွင် ချန်ထားလို့မရသည့် ရခိုင်ဒေသ၏ တစိတ်တပိုင်းဖြစ်သည်။

၁၅ ရာစုအစောပိုင်းမှ ၁၈ ရာစု နောင်းပိုင်းအထိ ရခိုင်သမိုင်းသည် မြန်မာ့ရာဇဝင်တွင်သာမက ကမ္ဘာ့ရာဇဝင်တွင် ထင်ရှားကျော်ကြားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ရခိုင်သမိုင်းကြောင်းတောက်လျှောက် ရွှေရောင်ခေတ်ဟု လူသိများကြသော မြောက်ဦးခေတ်သည် နိုင်ငံရေး၊ စီးပွားရေ၊ လူမှုရေး၊ ကုန်သွယ်မှု အစရှိသည့် နိုင်ငံရဲ့ ကဏ္ဍ ၄ရပ်လုံးမှာ သိသိသာသာ တိုးတတ်ဖွံဖြိုးခဲ့သော အချိန်ကာလဖြစ်သည်။ ရခိုင်ဒေသသည် ဒေသတွင်း ကုန်သွယ်မှုကွန်ရက် / ကုန်ပစ္စည်းဖလှယ်မှုအတွက် အရေးပါသော ကြားခံတခုဖြစ်ရုံသာမက အရှေ့တိုင်း နှင့် အနောက်တိုင်း ယဉ်ကျေးမှုများ ဖလှယ်ရာ၊ကုန်စည်များနှင့်အတွေးအခေါ်များ ဖလှယ်ရာပိုးလမ်းကြောင်း၏ ပင်လယ်ထွက်ပေါက်ဖြစ်သည်။ အချက်အချာကျသော ရေပိုင်နက်ကိုလည်း ပိုင်ဆိုင်ထားသည်။

၁၆ ရာစုနှင့် ၁၇ ရာစုအတွင်း ရခိုင်ဒေသသည် သင်္ဘောတည်ဆောက်ရေးလုပ်ငန်းဖြင့် လူသိများသည်။ ကမ္ဘာတွင် သင်္ဘောနှင့် နယ်မြေသစ်ရှာဖွေခြင်းကာလတွေမှာ ၎င်း၏ကမ်းရိုးတန်းတည်နေရာအနေအထားကောင်းမွန်မှု၊ ကျွန်းသစ်တောပေါများမှု၊ကျွမ်းကျင်အလုပ်သမား၊ကျွမ်းကျင်လက်သမားဆရာ ပေါများမှုသည် သင်္ဘောတည်ဆောက်ရေးကဏ္ဍကို တခေတ်ဆန်းစေသည်။ ရခိုင်သင်္ဘောများသည် ၎င်းတို့၏ ခိုင်ခံမှု၊အရည်အသွေးကောင်းမွန်မှု၊အကြမ်းခံနိုင်မှု၊ခရီးရှည်သွားလာနိုင်မှုတို့ကြောင့် ကျော်ကြားပီး အရှေ့တောင်အာရှ နှင့် ကမ္ဘာတလွှား လက်ညှိးထိုးမလွဲအောင် တွေ့ရှိခဲ့ကြောင်းသမိုင်းမှတ်တမ်းရှိသည်။

ငပလီကမ်းခြေရှိ မောင်ရွှေလေးတံငါရွာလေးသည် ထိုကဲ့သို့ ကြီးကျယ်ခမ်းနားသော သမိုင်းကြောင်းများကို ဖြတ်သန်းခဲ့ရသည်။ ရွာ၏တည်ရှိမှုသည် ရာစုနှစ်များတစ်လျှောက် ရခိုင်လူမျိုးများ၏ နေ့စဉ်ဘဝဖြတ်သန်းပုံများကို ဘွင်းဘွင်းရှင်းရှင်းမြင်တွေ့နိုင်သည်။
ခေတ်တလျှောက် ရခိုင်လူမျိုးတို့၏ ဖြတ်သန်းခဲ့သော ယဉ်ကျေးမှုအရသာ များကို ပေးစွမ်းနိုင်သည်

ရွာလေး၏သမိုင်းနှင့် ရွာသူရွာသားများ၏ စားနပ်ရိက္ခာ၊အသက်မွေးဝမ်းကြောင်းပြုမှုသည် အက်ဒမန်ပင်လယ်ရေစီးကြောင်းများနှင့် နက်နက်ရှိုင်းရှိုင်း ဆက်နွယ်နေသည်။မောင်ရွှေလေးဒေသခံများ (အထူးသဖြင့်) တံငါသည်များသည် ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းခဲ့သော / ရှေးဟောင်းငါးဖမ်းနည်းများကို ထိန်းသိမ်းထားကြသည်။ သူတို့၏ နေထိုင်မှုသည် ပုံစံပြောင်းလဲသွားခြင်းမရှိပဲ လွန်ခဲ့သော နှစ်ပေါင်းများစွာက ပင်လယ်ထဲတွင် ကျင်လည်ကျက်စားခဲ့သော ဘိုးဘေးများ၏ ဓလေ့အတိုင်းပင်နေထိုင်ကြသည်။ မြောက်ဦးခေတ် ကြီးစိုးစဉ်ကာလထဲက ပင်လယ်ထဲသို့ နေ့စဉ် သွားလာနေသော ငါးဖမ်းလှေများသည် ယခုနေ့အတိုင်းပင်ဖြစ်သည်။ ထို့အတွက် အဆိုပါ ငါးဖမ်းလှေများကို ခံစားကြည့်ရှုလိုက်ရင် ရှေးခေတ် ရခိုင်ပြည်၊ရခိုင်ဒေသ ၏ ကမ္ဘာ့အဆင့်မီ သင်္ဘောတည်ဆောက်မှု အမွေအနှစ်ကို အမှတ်ရစေပါသည်။

မောင်ရွှေလေးရွာသည် ဗုဒ္ဓဘာသာကို လေးလေးနက်နက်ကိုးကွယ်ကြပြီး ဒေသယဉ်ကျေးမှု၊လူနေမှုပုံစံ၊ သာသနာအဆောက်အဦးတို့သည်လည်း ဗုဒ္ဓ၏ အရိပ်အာဝါသအောက်တွင်တည်ရှိသည်။ နေရာအနှံ့ ရှိနေသာ ဘုန်းကြီးကျောင်းများ နှင့် ဘုရားပုထိုးများကို ကြည့်ခြင်းအားဖြင့် ဗုဒ္ဓဘာသာ၏ ဩဇာလွှမ်းမိုးမှုကို မြင်တွေ့နိုငိသည်။ ဘုန်းကြီးကျောင်းများသည် ဘာသာရေးလှုပ်ရှားမှု၏ အချက်အခြာကျသော နေရာဖြစ်ရုံသာမက ဝတ်ပြုကိုးကွယ်ရန်နေရာ၊ တရားထိုင်ရန်နေရာ၊ အရေးကြီးကိစ္စများအတွက် လူထုစုဝေးပွဲများလုပ်ရန်နေရာလည်းဖြစ်သည်။

စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ပြီး ဆန်စပါးစိုက်ပျိုးရေးသည် မောင်ရွှေလေးကျွန်းဆွယ်၏ အသက်သွေးကြောဖြစ်သည်။ ကမ်းရိုးတန်းဒေသ၏ မြေဩဇာကောင်းမွန်သော နုန်းတင်လွင်ပြင်များ နှင့် အနီးအနားရှိ တောင်ကုန်းများမှ ရေသွယ်တန်းရန် လွယ်ကူခြင်းတို့သည် စပါးစိုက်ရန်အတွက် အဆင်ပြေသော အခြေအနေထူးကို ဖြစ်ပေါ်စေသည်။

အပူပိုင်းရာသီဥတုရှိသော မောင်ရွှေလေးကျွန်းဆွယ်သည် ချိုလွန်းပြီး အရည်ရွမ်းသော
စိန်တလုံးသရက်သီးအလွန်ပေါသည်။ ကြက်မောက်သီး၊မာလကာသီး၊ သင်္ဘောသီး၊ငှက်ပျောသီး၊ နာနတ်သီး၊အုန်းသီး အစရှိသည့် အရသာရှိသော သီးနှံမျိုးစုံရှိသည့် ရွာလေးလဲဖြစ်သည်။ အပူပိုင်းဒေသ၏ စစ်မှန်သော သစ်သီး နိဗ္ဗာန်ဘုံသို့ရောက်သကဲ့သို့ အရောင်အသွေးစုံလင်လှသော အသီးများသည်နိုင်ငံခြားဧည့်သည်များ၊ပြည်တွင်းခရီးသည်သာမက ဒေသခံများအတွက်လည်း ဖူဖူလုံလုံရှိလှသည်။

မောင်ရွှေလေးကျွန်းဆွယ်ရှိ ဒေသခံပြည်သူများသည် ဖော်ရွေပြူငှာ နွေးထွေး ကာ ဧည့်ဝတ်ကျေပွန်မှုကြောင့် ထင်ရှားကျော်ကြားသည်။ ဧည့်သည်များကို ကြိုဆိုသည့် ဒေသခံတို့​၏ နွေးထွေးကြင်နာ သော အပြုံးများသည် ဗမာလူမျိုးများ​၏ နက်ရှိုင်းသော ယဉ်ကျေးမှု နှင့် ရက်ရောဖော်ရွေမှုကို သိသာထင်ရှားစေသည်။

သင်သည် မောင်ရွှေလေးရွာ အနီးတဝိုက်သို့အညောင်းပြေ အညာပြေ အကြောဆန့်လမ်းလျှောက်ပါက ဒေသခံများသည် သမိုင်းကြောင်းများကို သင်တို့ကို မျှဝေခြင်းဖြစ်စေ၊အိမ်ချက်အစားအစာ၊ အိမ်ချက်ဟင်းများကို ဝေငှခြင်းဖြစ်စေ၊လမ်းမှရတွေ့တဲ့ ဧည့်သည်များကို လမ်းညွှန်ခြင်းဖြစ်စေ တနည်းမဟုတ် တနည်းတော့ မောင်ရွှေလေးရွာသားတို့​၏ နွေးထွေးမှု၊ ပျူငှာမှုကို ခံစားရစေမည်ဖြစ်သည်။