MSL Peninsula ကတော့ အဆိုပါ မြန်မာပြည်၏ လျှို့ဝှက်ရတနာတပါးဖြစ်သည့် “မောင်ရွှေလေးကျွန်းဆွယ်” ၏ ဒေသတွင်းဖွံ့ဖြိုးစည်ပင်ရေးကို ရည်စူးပြီး ဒေသခံ မြန်မာလုပ်ငန်းရှင်များနှင့် အနောက်တိုင်း စီးပွားရေးလုပ်ငန်းရှင်များ အတူတကွစုပေါင်းတည်ထောင်ထားသော အဖွဲ့အစည်းတခုဖြစ်သည်။
“မောင်ရွှေလေးရွာ”သည် မြန်မာနိုင်ငံရဲ့ တိမ်မြုပ်ပျောက်ကွယ်နေဆဲဖြစ်သော လျှို့ဝှက် သဘာဝနေရာများထဲမှ တခုဖြစ်သည်။ အိန္ဒိယ သမုဒ္ဒရာဘက်မျက်နှာမူပြီး ဘင်္ဂလားပင်လယ်အော်ဝပေါ် မေးတင်ထားသော တံငါရွာလေးဖြစ်သည့် “မောင်ရွှေလေးရွာ” သည် လူသွားလူလာမများသေးပါ။ မူလ နေထိုင်သည့် နယ်ခံများမှ လွဲ၍ အခြေချနေထိုင်သူနည်းပါးသောကြောင့် ကမ်းရိုးတန်းတစ်လျှောက်တွင် ပျက်စီးယိုယွင်းမှုမရှိသော ဆွဲဆောင်မှုအရှိဆုံးနဲ့ စစ်မှန်သည့် ကမ်းခြေတခုကို မောင်ရွှေလေးလေးကျွန်းဆွယ် မှ ပိုင်ဆိုင်ထားသည်။
အဖွဲ့တည်ထောင်ရခြင်းရဲ့ ရည်မှန်းချက်မှာ ဘဝဖြတ်သန်းပုံ နှင့် စိတ်ခံယူချက်တူသည့်
သဘာဝတရားကြီးကို ချစ်တတ်သောလူများ၊ လတ်လတ်ဆတ်ဆတ်အစားအသောက်ကောင်းများကို နှစ်သက်တတ်သောလူများ၊ ဒေသခံ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ချစ်မြတ်နိုးသောလူများ၊ သဘာဝတရားကြီး၏ အဆုံးအစမရှိသော အလှတရားတွေကို တရက်ချင်းဆီခံစားရင်း ဘဝကို အဓိပ္ပာယ်ရှိရှိနေထိုင်သွားချင်လူများပါဝင်သည့် လူများစုပေါင်း၍ လူ့အဖွဲ့အစည်းအသစ်တခုကို တည်ဆောက်လိုခြင်းဖြစ်သည်။
ကျွန်ုပ်တို့ အဖွဲ့အစည်း၏ရေရှည်တည့်တံခိုင်မြဲရေးအတွက် ဒေသခံပြည်သူများ၊ဒေသခံ အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံမှု နှင့် တဦးအပေါ် တဦး ယုံကြည်မှုသည် အလွန်အရေးကြီးသည်။ ထို့အတွက်လည်း ကျွန်ုပ်တို့ MSL Peninsula က အပြန်အလှန်ယုံကြည်မှုကို အထူးအလေးပေးတည်ဆောက်သည်။
အရေးကြီးသော သတိပြုရန်မှာ
ကျွန်ုပ်တို့သည် မြေယာ ဝယ်ယူအားပေးသူများကို ရှာဖွေရုံသက်သက် (လုံးဝ) မဟုတ်ပါ။
ကျွန်ုပ်နှင့် အတွေးအမြင်တူသူများ၊ ကျွန်ုတို့ တန်ဖိုးထားသောအရာများကို ကျွန်ုပ်တို့နှင့် ထပ်တူ တန်ဖိုးထားနိုင်မည့် လူများကို ရှာဖွေ၍ အဆိုပါနေရာလေးတွင် စုပေါင်းနေထိုင်လိုခြင်းဖြစ်သည်။
ကမ္ဘာကြီးသည် နေ့စဉ်မပြတ် တိုးတက်နေသည်။ ထိုသို့ တိုးတက်နေသော ကမ္ဘာကြီးထဲတွင် စိတ်ဝိညာဉ်အသစ်တမျိုးရှိသည့် လူတန်းစားတရပ်၊အတွေးအမြင်တရပ်ပေါ်ပေါ်လာသည်။
ထိုလူများဟာ “ဆိတ်ငြိမ်အေးချမ်းမှု”ကို “စစ်မှန်တဲ့ ချမ်းသာမှု”ဟု မှတ်ယူကြပြီး
“သဘာဝတရားထဲမှာ အရိုးရှင်းဆုံးနေထိုင်မှု”ကို “လောကပေါ်မှာ နေထိုင်ရတာ အတန်ဆုံး နေထိုင်မှု”လို့ သတ်မှတ်ကြသည်။
မှန်ကန်တဲ့ ဝန်ဆောင်မှုတွေကို ကြိုက်နှစ်သက်ပြီး တစက္ကန့်ချင်းစီကို တန်ဖိုးရှိရှိ အချိန်ကုန်ဆုံးချင်တယ်။ ငယ်ငယ်တုန်းက လူတွေဟာ ခြေဗလာနဲ့ အပူအပင်မရှိ ပေါ့ပေါ့ပါးပါး လျှောက်သွားရုံနဲ့ ပျော်ရွှင်မှုရရှိခဲ့တယ်။ အသက်ကြီးလာလို့ မြို့ပြနေထိုင်မှုမှာ ပျော်စရာတွေ မတွေ့တော့တဲ့အခါမှာ သူတို့ရဲ့ ငယ်ဘဝ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ကြိုးစားကြတော့သည်။
လူတွေဟာ အဆိုပါ အတွေးကို အကောင်အထည်ဖော်ဖို့အတွက် ခမ်းနားတဲ့ သမိုင်းဝင်နန်းတော်တွေ၊ မြို့ပြယဉ်ကျေးမှုတွေ၊ စည်းစိမ်ခံစားမှုရဲ့အဝေးကို ထွက်ပြေးလိုကြတယ်။
မောင်ရွှေလေးကျွန်းဆွယ်သည် ထိုသို့သော စနစ်ထဲကနေရုန်းထွက်ပြီး သဘာဝတရားကို ချစ်မြတ်နိုးသူတွေအတွက် ဒေသခံလူမျိုးများနှငိ့ အတူယှဉ်တွဲနေထိုင်ကာ မိမိလိုချင်သော ဘဝပုံစံအသစ်ကို ပိုင်ဆိုင်ခွင့်ရနိုင်မည့် နေရာလေးဖြစ်သည်။
ထပ်ဆောင်းပြောရရင်
မောင်ရွှေလေးကျွန်းဆွယ်သည် စနစ်တခုအောက်မှ လွတ်မြောက်ရာ နိဗ္ဗာန်ဘုံလေးဖြစ်သည်။
ထိုသို့သော အဖိုးတန် လျှို့ဝှက်ရတနာ ကျွန်းဆွယ်တခုကို တိုးတက်စည်ပင်အောင် အသက်သွင်းခြင်းပြီး ရင်းနှီးမြှပ်နှံခြင်းသည် သင်တို့ ကျွန်ုပ်တို့၏ ဘဝလုံခြုံရေးနှင့် အာမခံချက်အတွက် ရေရှည်ရင်းနှီးမြှပ်နှံခြင်းပင်ဖြစ်သည်။